Current Status
Not Enrolled
Price
550
Get Started
This course is currently closed
မကြာမှီစတင်မည့် အတန်းများ
User Experience Design ဒီဇိုင်းအခြေခံတန်းကို ၅/၆/၂၀၂၄ ဖွင့်ပါမယ် Graphic Design Essential ဒီဇိုင်းအခြေခံတန်းကို ၅/၆/၂၀၂၄ ဖွင့်ပါမယ် Graphic Design Essential ဒီဇိုင်းအခြေခံတန်းကို ၅/၆/၂၀၂၄ ဖွင့်ပါမယ် Graphic Design Essential ဒီဇိုင်းအခြေခံတန်းကို ၅/၆/၂၀၂၄ ဖွင့်ပါမယ်
   

Secrets Of Logo Design

  • Brand Identity
  • Discovery Session
  • Style Guide

သင်တန်းကာလ

၅ ပတ်

သင်တန်းကြေး

၁ သိန်း

သင်ကြားမည့်ဆရာ

မှူးထက်

သင်တန်းဖွင့်မည်ရက်

ဂျွန်လ ၂၀ရက်

ဒီဇိုင်းတစ်ခုကို ယုံကြည်မှုရှိရှိနဲ့ စနစ်တကျရေးဆွဲလိုသူတွေ ၊ ဒီဇိုင်းဆွဲတဲ့ နေရာမှာ ဘယ်ဟာကို ဘယ်လောက်ကြီးပြီး ဘယ်နားမှာထားရမှန်း မသိသေးသူတွေ၊ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းတွေ ရေးဆွဲလိုသူတွေ၊ ဒီဇိုင်းဆိုတာ ဘယ်လိုအလုပ်လုပ်တယ်၊ ဘယ်လိုအသုံးပြုရမယ်ဆိုတာကို အခြေခံကနေစပြီး စနစ်တကျ သိချင်သူတွေအတွက် အသုံးဝင်မယ့် သင်တန်းတစ်ခုဖြစ်ပါတယ်။

သင်တန်းပြီးဆုံးသွားရင်တော့ Social Media Designs, Brand Identity Designs တွေနဲ့ အခြား မည်သည့် ဒီဇိုင်းပုံစံမျိူးကို မဆို စနစ်တကျနဲ့ အခြေခံကျကျ စဉ်းစား ရေးဆွဲလာနိုင်မှာဖြစ်ပါတယ်။

သင်ခန်းစာများ ဖွဲ့စည်းပုံ

ပထမ အပတ်

အမှတ်တံဆိပ် နှင့် ကျော်ကြားမှု

အတန်းရဲ့ ပထမဆုံး အပတ်မှာတော့ ရောထွေးတတ်တဲ့ Logo လို့ခေါ်တဲ့ အမှတ်တံဆိပ်ဒီဇိုင်း နဲ့ Branding လို့ခေါ်တဲ့ ကျော်ကြားမှုကို တည်ဆောက်တဲ့ ဖြစ်စဉ်အကြား ဆက်နွယ်မှုတွေ၊ Logo တစ်ခုရဲ့ အခြေခံ ရှိသင့်တဲ့ အရည်အသွေးတွေ အကြောင်းကို စတင် လေ့လာနိုင်မှာပါ။

ဒုတိယ အပတ်

အလုပ်အပ်သူ နှင့် စားသုံးသူ

အတန်းရဲ့ ဒုတိယအပတ်မှာတော့ အလုပ်အပ်သူနဲ့ စာသုံးသူအကြားသိထားသင့်တဲ့ အချက်တွေ၊ မေးခွန်းတည်ဆောက်မှုပုံစံတွေ၊ အပြန်လှန် ဆက်သွယ်မှုပုံစံတွေ၊ ဈေးကွက်နဲ့ပတ်သတ်လို့ သုံးသပ်လေ့လာမှုပုံစံတွေကို ဘယ်လိုပြင်ဆင်ရမယ်ဆိုတာတွေကို လေ့လာနိုင်မှာပါ။

တတိယ အပတ်

စာလုံး၊ အရောင် နှင့် ပုံဖော်မှု

အတန်းရဲ့ တတိယအပတ်မှာတော့ Logo တစ်ခု ရေးဆွဲဖို့ အတွက် သိထားသင့်တဲ့ အချက်တွေကို စုဆောင်းပြင်ဆင်ပြီးပြီ ဖြစ်တဲ့ အတွက် Logo တစ်ခုကို ပုံဖော်ဖို့ အတွက် အခြေခံသိထားသင့်တဲ့ စာလုံးပုံစံ စီစဉ်ရေးသားမှုတွေကို လေ့လာရတဲ့ Typography အခြေခံတွေ၊ အရာင်အသုံးပြုမှုပုံစံတွေ နဲ့ လက်တွေ အသုံးပြုပုံတွေကို လေ့လာနိုင်မှာပါ။

စတုတ္ထ အပတ်

စိတ်ကူးဥာဏ်ကွန့်မြူးခြင်း

အတန်းရဲ့ စတုတ္ထ အပတ် မှာတော့ ဈေးကွက်နဲ့ လုပ်ငန်းသဘောအရသိထားသင့်တဲ့အချက်တွေ၊ ဒီဇိုင်းပုံဖော်မှုအတွက် သိထားသင့်တဲ့အချက်တွေ ကို ပြင်ဆင်လေ့လာပြီးပြီဖြစ်တဲ့ အတွက် ဒီအပတ်မှာတော့ အဲ့အချက်လက်တွေကို ပူးပေါင်းပြီးတော့ ဘယ်လိုလက်တွေ့ပုံဖော်ရမယ်၊ ဘယ်လို တစ်ဆင့်ချင်းလုပ်ဆောင်ရမယ်ဆိုတာတွေကို တစ်ဆင့်ချင်းစီ စနစ်တကျ  လေ့လာနိုင်မှာပါ။

ပဉ္စမ အပတ်

အချောသပ် ရေးဆွဲခြင်း

အတန်းရဲ့ ပဉ္စမ အပတ် မှာတော့ ပြီးခဲ့တဲ့ အပတ်မှာ ရေးဆွဲထားတဲ့ အမှတ်တံဆိပ်ဒီဇိုင်းကို လက်တွေ့အသုံးချနိုင်ဖို့အတွက် ပြန်လည်ပြင်ဆင် အချောသပ်မှုတွေ၊ အလုပ်အပ်သူကို ပြန်လည် ပြသဖို့ အတွက် ပြင်ဆင်မှုတွေ နှင့် ရေရှည်အသုံးပြုနိုင်ဖို့ အတွက် ထိန်းသိမ်းမှုပုံစံတွေကို လေ့လာနိုင်မှာပါ။ ဒါအပြင် Freelancer အနေနဲ့ လုပ်ကိုင်လိုသူတွေအတွက်လည်း ‌Logo တစ်ခုကို ဈေးဘယ်လိုယူသင့်တယ်ဆိုတဲ့အပိုင်းတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။

ချိတ်ဆက်မယ်

Deversity ကနေ အပတ်စဉ်မျှဝေပေးနေတဲ့ ဗဟုသုတရစေမဲ့ အကြောင်းရာတွေကို မိတ်ဆွေရဲ့ Email ကနေတစ်ဆင့်ပို့ပေးစေချင်တယ်ဆို မိတ်ဆွေ Email ကို အောက်မှာရှိတဲ့ ဖောင်လေးကို ဖြည့်ပြီး စာရင်းပေးနိုင်ပါတယ်။

လူမှုကွန်ယက်

Designed & Developed By Mhu Htet

© 2024 – Deversity Myanmar