Current Status
Not Enrolled
Price
100
Get Started

အခြေခံ ဒီဇိုင်းအစိတ်အပိုင်းနှင့် နည်းဥပဒေများ

ဒီဇိုင်းနဲ့ပတ်သတ်တဲ့ အခြေခံ အစိတ်အပိုင်းတွေနဲ့ နည်းဥပဒေတွေ အကြောင်းကို အသေးစိတ်သင်ကြားပေးသွားမှာဖြစ်ပါတယ်

သင်တန်းကြေး 50 

သင်တန်း အသေးစိတ်

ဒီအတန်းက ဘာတွေသင်ယူနိုင်မလဲ

ဒီဇိုင်းတစ်ခုကို ဝေဖန်သုံးသပ် တတ်စေရန်

ဒီအတန်းမှာတော့ ဒီဇိုင်းတစ်ခုကို ကြည့်ပြီး သူ့ရဲ့ ဖွဲ့စည်းပုံတစ်လွှာခြင်းစီကို ဆွဲထုတ်သုံးသပ်နိုင်မဲ့ အခြေခံသဘောတရားတွေကို သင်ကြားပေးသွားမှာပါ။ ဒါကြောင့် ဒီဇိုင်းတွေကို ကြည့်တဲ့ အခါဘဲဖြစ်ဖြစ် ဆွဲတဲ့အခါဘဲဖြစ်ဖြစ် နောက်ပိုင်းမှာ ဒီဇိုင်းတစ်ခုကို လှအောင်ဆွဲတတ်ရုံတင်မကဘဲ ကိုယ်သိစေချင်တဲ့ အကြောင်းအရာတွေကို ဘယ်လိုပေါ်လွင်အောင် ရေးဆွဲရမလဲဆိုတာတွေကိုပါ လေ့လာနိုင်မှာဖြစ်ပါတယ်။

မြန်မြန်နဲ့ စနစ်တကျ ရေးဆွဲနိုင်ခြင်း

Blank canvas syndrome လို့ခေါ်တဲ့ ဒီဇိုင်းတစ်ခုကို ဘယ်က စဆွဲလို့ ဆွဲရမှန်းမသိတဲ့ အဖြစ်မျိူးကို ဒီဇိုင်းနာတိုင်းနီးပါး ကြုံတွေကြရပါတယ်။ ဒါဟာဘာကြောင့်လဲဆိုရင်တော့ ဒီဇိုင်းနဲ့ ပတ်သတ်တဲ့ အခြေခံသဘောတရား နဲ့ လုပ်နည်းလုပ်ဟန်တွေကို စနစ်တကျ မလေ့လာခဲ့နိုင်တဲ့ အကျိူးဆက်တွေဘဲဖြစ်ပါတယ်။ ဒါကြောင့်ဒီ အခြေခံအတန်းမှာတော့ ဒီဇိုင်းတစ်ခုကို စနစ်တကျနဲ့ မြန်မြန်ဆန်ဆန် ရေးဆွဲနိုင်အောင် သင်ကြားပေးသွားမှာပါ။

သင်ခန်းစာများမှ ပုံရိပ်အချို့

ဒီအတန်းပြီးရင် ဘာတွေတိုးတတ်လာမလဲ

ဒီအတန်းကနေ ဒီဇိုင်းနဲ့ ပတ်သတ်တဲ့ အခြေခံ သဘောတရားတွေကိုလေ့လာနိုင်မှာ ဖြစ်တာကြောင့် နောက်ပိုင်းမှာ ဒီဇိုင်းတွေကိုလေ့လာတဲ့ အခါ သာမန်ကြည့်ရုံမဟုတ်ဘဲ ဒီဇိုင်းနာတစ်ယောက်ရဲ့ လေ့လာမှုပုံစံမျိူးနဲ့ ကြည့်လာနိုင်မှာဖြစ်ပါတယ်။ အောက်မှာရှိတဲ့ပုံအချို့ကတော့ ကျွန်တော်တို့ ဒီဇိုင်းသင်တန်းကျောင်းက သင်တန်းသားတစ်ချို့ရဲ့ သုံးသပ်ပုံတစ်ချို့ဘဲဖြစ်ပါတယ်။

သင်တန်း အသေးစိတ်

မေးတတ်သော မေးခွန်းများ

ဒီအတန်းကတော့ ဒီဇိုင်းကို အခြေခံကနေစပြီး စနစ်တကျလေ့လာလိုတဲ့ ဒီဇိုင်းနာတိုင်းအတွက် သင့်တော်ပါတယ်။ ဒါ့အပြင် Marketing နဲ့ ကြေငြာလုပ်ငန်းတွေမှာ ဒီဇိုင်းနဲ့ဆက်စပ်ပြီး လုပ်ကိုင်နေရသူတွေနဲ့ ကိုယ်တိုင်ဒီဇိုင်နာမဟုတ်ပေမဲ့လည်း တစ်ခါတစ်လေမှာ ကိုယ့်လုပ်ငန်းအတွက် ဒီဇိုင်းဆွဲနေရတဲ့ သူတွေအတွက်လည်း ဒီဇိုင်းကို ပိုမိုနားလည်ဖို့အတွက်သင့်တော်ပါတယ်

ဒီသင်တန်းက ဒီဇိုင်းရဲ့ အခြေခံ သဘောတရားပိုင်းကို သင်ကြားပေးတာမို့ Photoshopတို့၊ Aiတို့ လို မည်သည့် ဒီဇိုင်း Software တွေကိုမှ ကြိုသိထားစရာမလိုပါဘူး။ ဒါပေမဲ့ ဒီဇိုင်နာတစ်ယောက်အနေနဲ့ ဆိုရင်တော့ နောက်ပိုင်းမှာ ဒီသင်တန်းမှာ သင်မဲ့ ဗဟုသုတတွေကို အသုံးချဖို့အတွက် တော့ ဒီဇိုင်းနဲ့ ဆိုင်တဲ့ Software တွေကို ဆက်လက်လေ့လာဖို့တော့ လိုပါမယ်။

သင်တန်းဆင်းလက်မှတ် ရယူလိုသူများအတွက် ဒီသင်တန်းမှာရှိတဲ့ သင်ခန်းစာတွေ အားလုံးကို သင်ကြားပြီးသွားရင်တော့ နောက်ဆုံးအခန်းမှာရှိတဲ့ သင်တန်းနဲ့ဆိုင်တဲ့ မေးခွန်းတွေရဲ့ ၈၀% ကို မှန်ကန်အောင်ဖြေနိုင်မယ်ဆိုရင် သင်တန်းဆင်းလက်မှတ်ကို ရရှိမှာဖြစ်ပါတယ်။

ဖုန်းဘေလ်နဲ့ ကြည့်တဲ့သူများအဆင်ပြေရန်အတွက် ဗီဒီယို ဖိုင်တွေကို ဖိုင်ဆိုဒ်နည်းနည်းနဲ့ အရည်သွေးမြင့် ကြည့်ရှုနိုင်ရန် ပြင်ဆင်ထားသောကြောင့် ဒီသင်တန်းအစအဆုံး ကြည့်ရင်တောင် ဒေတာ 1 GB မကျော်သောကြောင့် ဒေတာဖိုး ၁၀၀၀ ကျပ်ဝန်းကျင်သာ ကျသင့်ပါမည်။