Current Status
Not Enrolled
Price
200
Get Started
မကြာမှီစတင်မည့် အတန်းများ
User Experience Design ဒီဇိုင်းအခြေခံတန်းကို ၅/၆/၂၀၂၄ ဖွင့်ပါမယ် Graphic Design Essential ဒီဇိုင်းအခြေခံတန်းကို ၅/၆/၂၀၂၄ ဖွင့်ပါမယ် Graphic Design Essential ဒီဇိုင်းအခြေခံတန်းကို ၅/၆/၂၀၂၄ ဖွင့်ပါမယ် Graphic Design Essential ဒီဇိုင်းအခြေခံတန်းကို ၅/၆/၂၀၂၄ ဖွင့်ပါမယ်
   

Illustrator Foundation

သင်တန်းကာလ

၄ ပတ်

သင်တန်းကြေး

၅ သောင်း

သင်ကြားမည့်ဆရာ

မှူးထက်

သင်တန်းဖွင့်မည်ရက်

ဂျူလိုင် ၅ ရက်

ဒီအတန်းလေးကတော့ ဒီဇိုင်းအတွက် အရေးကြီးတဲ့ ပုံရိပ်အမျိူးအစားဖြစ်တဲ့ Vector ပုံတွေကို အခြေခံကနေ သင်ယူတတ်မြောက်ချင်တဲ့သူအတွက် ရည်ရွယ်ဖွင့်လှစ်ထားတဲ့အတန်းလေးဖြစ်ပါတယ်။ ဒီအတန်းမှာ အသုံးပြုမဲ့ Software ကတော့ Adobe Illustrator ဖြစ်ပြီး အသုံးပြုပုံတွေကို အခြေခံကနေစပြီး သင်ယူနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။

သင်ခန်းစာများ ဖွဲ့စည်းပုံ

ပထမ အပတ်

အခြေခံ အသုံးပြုပုံ မိတ်ဆက်

ကျွန်တော်တို့ အနေနဲ့ Illustrator အခြေခံအသုံးပြုနည်း အတန်းကိုတော့ အပိုင်း ၄ ပိုင်းခွဲထားပါတယ်။ အပိုင်း ( ၁ ) မှာတော့ ကွန်ပျူတာကို အခြေခံအသုံးပြုနိုင်ရုံနဲ့ အလွယ်တကူလေ့လာနိုင်အောင် Illustrator ဆော့ဝဲလ်ကို အခြေခံကစပြီး စနစ်တကျ သင်ရိုးဆွဲထားပြီး ဒီအပိုင်းမှာတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဒီဇိုင်းပုံစံလေးတွေကို စတင် သင်ယူနိုင်မှာဖြစ်ပါတယ်။

ဒုတိယ အပတ်

စတင် အသုံးချခြင်း

ဒီအပိုင်းမှာတော့ Illustrator ရဲ့ အခြေခံ Tools တွေကို စတင်အသုံးချလာနိုင်ပြီဖြစ်တာကြောင့် ကျွန်တော်တို့အနေနဲ့ Illustration တွေရေးဆွဲရာမှာ အရေးကြီးတဲ့ အခြေခံ မျဉ်းတည်ဆောက်ပုံတွေ၊ ပုံသဏ္ဍာန်တည်ဆောက်ပုံတွေ နဲ့ Adobe Creative Cloud Series တွေကို အသုံးချရမှာ မသိမဖြစ်သိထားသင့်တဲ့ Pen Tools အသုံးပြုပုံတွေအကြောင်းကို လက်တွေ့ရော လေ့ကျင့်ခန်းတွေနဲ့ ပါပူးပေါင်းသင်ကြားသွားမှာဖြစ်ပါတယ်။

တတိယ အပတ်

ပုံဏ္ဍာန်များအား အသေးစိတ်ခွဲခြမ်းစိတ်ဖြာခြင်း

ဒီအပိုင်းရောက်လာပြီဆိုရင်တော့ မြင်ရတဲ့ ဘယ်လိုပုံသဏ္ဍာန်မျိူးကို မဆိုစတင်မှီငြမ်းပြီး ရေးဆွဲလာနိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့် အပိုင်း ( ၂ ) မှာထပ်ပိုပြီး အသေးစိတ်ကျတဲ့ အစိတ်အပိုင်းတွေကို ရေးဆွဲပုံတွေ၊ မှီငြမ်းပုံတွေမှာ မြင်ရတဲ့ ပုံရိပ်တွေကို Vector Illustration အနေနဲ့ သင့်လျော်အောင် ပြန်လည် ပြုပြင်ရေးဆွဲပုံ နည်းလမ်းတွေကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။

စတုတ္ထ အပတ်

Vector ပုံတူရေးဆွဲခြင်း

ဒီအပိုင်းကတော့ Illustrator အခြေခံအသုံးပြုနည်း အတန်းရဲ့ နောက်ဆုံးအပိုင်းဖြစ်ပြီးတော့ ဒီအပိုင်းမှာတော့ ဓါတ်ပုံတွေကနေတစ်ဆင့် ပုံရိပ်တွေကို ပုံစံတူ ရေးဆွဲခြင်းကိုသင်ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီအတန်းမှာတော့ အလင်းအမှောင်ခွဲခြားပုံတွေ၊ ပုံရိပ်တွေကို အချိုးအစား ချပုံတွေနဲ့ စီမံခန့်ခွဲပုံတွေကိုပါ သင်ယူနိုင်မှာဖြစ်ပါတယ်။

မေးတတ်သော မေးခွန်း အချို့

သင်တန်းက ဘယ်သူတွေ အတွက် သင့်တော်ပါလဲ?

ဒီအတန်းကတော့ ဒီဇိုင်းကိုစိတ်ဝင်စားသူတွေ၊ ပုံဆွဲရတာ နှစ်သက်ပြီး ကွန်ပျူတာဆော့ဝဲလ်ကို အသုံးပြုပြီးပုံဆွဲလိုသူတွေ၊ လုပ်ငန်းခွင်ဒီဇိုင်းမှာ ဒီဇိုင်းတွေကို ကိုယ်တိုင်ဖန်တီးလိုသူတွေအတွက် သင့်လျော်ပါတယ်။

ဒီအတန်းကို ကို တတ်ဖို့ဆိုရင်တော့ ကွန်ပျူတာကို အခြေခံအသုံးပြုတတ်ရုံနဲ့ တတ်ရောက်နိုင်မှာဖြစ်ပါတယ်။

ဒီသင်တန်းမှာတော့ Illustrator Version ကို CC 2019 အသုံးပြုသွားမှာဖြစ်ပြီး အခြေခံအသုံးပြုပုံတွေကိုဘဲ အဓိက သင်ကြားပေးသွားမှာဖြစ်တာကြောင့် မည်သည့် Adobe CC Version နှင့် မဆို အဆင်ပြေလွယ်ကူစွာလိုက်လံ သင်ကြားနိုင်မှာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ အတန်းတွေကိုတော့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် Website မှာ ရိုက်ကူးထားတဲ့ သင်ခန်းစာတွေကို သင်တန်းဖွင့်တဲ့ ရက်ကနေစပြီး အပတ်စဉ်တင်ပေးပါတယ်။ အပတ်စဉ်လေ့လာထားတဲ့ လေ့ကျင့်ခန်းတွေအတွက် လေ့ကျင့်ခန်းတွေရှိပြီး လေ့ကျင့်ခန်းတွေကို Website မှတိုက်ရိုက်ဖြစ်စေ အတန်းရဲ့ Facebook Group မှဖြစ်စေထပ်နိုင်ပါတယ်။ အပတ်စဉ်သင်ခန်းစာတွေ၊ လေ့ကျင့်ခန်းတွေနဲ့ ပတ်သတ်လို့ သုံးသပ်ချက်တွေ၊ မေးချင်တာတွေကိုတော့ အပတ်စဉ် ဆရာကနေပြီး ရုံးချိန်လွတ်ညနေပိုင်းတွေမှာ Zoom Meeting တွေမှ တစ်ဆင့် တစ်ပတ်တစ်ခါ ပြန်လည် ရှင်းပြပေးပါတယ်။

သင်တန်းကို ဘယ်လိုအပ်လို့ရမလဲ ?

အတန်းအပ်ဖို့ အတွက်ကို Deversity ရဲ့ ဘဏ်လိပ်စာတွေကို သင်တန်းကြေးသွင်းဖို့အတွက် ကျွန်တော်တို့ ရဲ့ Deversity Facebook Page ရဲ့ Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းပြီး အပ်နှံနိုင်ပါတယ်။

ချိတ်ဆက်မယ်

Deversity ကနေ အပတ်စဉ်မျှဝေပေးနေတဲ့ ဗဟုသုတရစေမဲ့ အကြောင်းရာတွေကို မိတ်ဆွေရဲ့ Email ကနေတစ်ဆင့်ပို့ပေးစေချင်တယ်ဆို မိတ်ဆွေ Email ကို အောက်မှာရှိတဲ့ ဖောင်လေးကို ဖြည့်ပြီး စာရင်းပေးနိုင်ပါတယ်။

လူမှုကွန်ယက်

Designed & Developed By Mhu Htet

© 2024 – Deversity Myanmar

Course Content

အပိုင်း ( ၁ ) - အခြေခံ အသုံးပြုပုံ မိတ်ဆက်
အပိုင်း ( ၂ ) - Illustrator အားစတင် အသုံးချခြင်း
အပိုင်း ( ၃ ) - ပုံဏ္ဍာန်များအား အသေးစိတ်ခွဲခြမ်းစိတ်ဖြာခြင်း
အပိုင်း ( ၄ ) - Vector ပုံတူရေးဆွဲခြင်း