မကြာမှီစတင်မည့် အတန်းများ
User Experience Design ဒီဇိုင်းအခြေခံတန်းကို ၅/၆/၂၀၂၄ ဖွင့်ပါမယ် Graphic Design Essential ဒီဇိုင်းအခြေခံတန်းကို ၅/၆/၂၀၂၄ ဖွင့်ပါမယ် Graphic Design Essential ဒီဇိုင်းအခြေခံတန်းကို ၅/၆/၂၀၂၄ ဖွင့်ပါမယ် Graphic Design Essential ဒီဇိုင်းအခြေခံတန်းကို ၅/၆/၂၀၂၄ ဖွင့်ပါမယ်
   

မာတိကာ

အမြင်ပိုင်းဆိုင်ရာ ဒီဇိုင်းက ဘယ်လိုထိရောက်မှုရှိလဲ ?

အမြင်ပိုင်းဆိုင်ရာ ဒီဇိုင်းက ဘယ်လိုထိရောက်မှုရှိလဲ ?
အမြင်ပိုင်းဆိုင်ရာ ဒီဇိုင်းတွေ ဘယ်လိုအလုပ်လုပ်လဲဆိုတာ ကဒီဇိုင်နာတွေ အတွက်ရော၊ စီးပွားရေး လုပ်ငန်းရှင်တွေ အတွက်ပါ သိထားသင့်တဲ့ အချက်တစ်ချက်ပါ။
 
ပုံမှန်အားဖြင့်တော့ UX Designer တွေ အနေနဲ့ဆိုရင်တော့ Cognitive bias တွေထဲက တစ်ခုဖြစ်တဲ့ “Picture superiority effect” ဆိုတဲ့ “ပုံနဲ့ စာဆို ပုံတွေကို ပိုမှတ်မိတတ်တဲ့” စိတ်ယိမ်းယိုင်မှုကနေတစ်ဆင့် ရုပ်ပုံတွေက စာတွေထပ်ပိုပြီး မှတ်မိလွယ်တယ်ဆိုတာကို သိထားပြီး ဖြစ်နိုင်ပါတယ်။
 
ဒါပေမဲ့ ဒီနေ့တော့ ဒါဟာဘာကြောင့်လဲဆိုတဲ့ အချက်ကို ပေါ့ပေါ့ပါးပါးနဲ့ တိတိကျကျ သိရအောင် မျှဝေပေးသွားမှာပါ။
 

မှတ်သားနိုင်မှု

လက်တွေ့ လေ့လာမှုတွေ အရ လူတွေရဲ့ ဦးနှောက်ဟာ ၁ စက္ကန့်ကို အာရုံငါးပါးကနေ မစီစစ်ထားတဲ့ အချက်လက်ပေါင်း ကုဋေ ၁၁၀၀ လောက် မှတ်သားနိုင်တယ်ဆိုပြီး သိရှိရပါတယ်။
 
ဒီနေရာမှ မရှုပ်သွားအောင် သိထားသင့်တဲ့ အချက်ကတော့ အာရုံခံအစိတ်အပိုင်းတွေက ကုဋေ နဲ့ ချီတဲ့ အာရုံကြောတွေ က အလုပ်လုပ်နိုင်တယ်ပြောပေမဲ့ ဆုံးဖြတ်ချက် တစ်ခုအတွက် အာရုံကြော သောင်းဂဏန်း၊ သိန်းဂဏန်းကို အသုံးပြုရတာဖြစ်ကြောင်း သတိပြုရပါမယ်။
 
နောက်ထပ် သိထားသင့်တာကတော့ ဦးနှောက်နှင့် အာရုံကြော နဲ့ပတ်သတ်လို့ ကျွမ်းကျင်မှုမရှိဘဲ ကျွန်တော်တို့ဟာ ဦးနှောက်ကလုပ်နိုင်တာရဲ့ ၁၀ ရာခိုင်နှုန်းဘဲလုပ်နိုင်တယ်လို့ ပြောခဲ့ တဲ့ နာမည်ကျော်တွေဖြစ်တဲ့ အဲလ်ဘတ်အိုင်စတိုင်း(Albert Einstein) နဲ့ မာဂရတ်မိ ( Margaret Mead) တို့ရဲ့စကားဟာ မမှန်ကန်ပါဘူး။ အမှန်တော့ ဦးနှောက်တစ်ခုလုံးဟာ မတူညီတဲ့ လုပ်ဆောင်မှုတွေ အတွက် မတူညီတဲ့ အစိတ်အပိုင်းတွေ က အလုပ်လုပ်ပြီး အိပ်နေတဲ့ အချိန်မှာတောင် ဦးနှောက်ကအလုပ်လုပ်တယ်လို့ လက်တွေ့စမ်းသပ်မှုတွေအရ သိနိုင်ပါတယ်။
 

ဘယ်လို အချက်လက်တွေ ပို့ပေးလဲ

အဲ့တော့ ခုန အာရုံတွေက ဦးနှောက်ကို ဘယ်လို အချက်လက်တွေ ပို့ပေးလဲ ဆို
 
အမြင်အာရုံကနေ ၁ စက္ကန့်ကို “၁၀၀၀” ကုဋေ လောက် သိရှိနိုင်ပြီး အဲ့ပမာဏက ကွန်ပျူတာ ကွန်ယက်တစ်ခုရဲ့ ပျမ်းမျှ အမြန်နှုန်းဖြစ်တဲ့ 1250MB/s နဲ့ ပမာဏ တူညီပါတယ်။
 
အထိအတွေ့ကနေတော့ ၁ စက္ကန့်ကို “၁၀၀” ကုဋေ လောက်ဘဲ သိရှိနိုင်ပြီး အဲ့ပမာဏက USB ချိတ်ဆက်မှုတွေရဲ့ ပျမ်းမျှ အမြန်နှုန်းဖြစ်တဲ့ 125MB/s နဲ့ ပမာဏ တူညီပါတယ်။
 
အနံ့နဲ့ အကြားအာရုံတွေကနေတော့ ၁ စက္ကန့်ကို အာရုံ ၁ ခုကို “၁၀” ကုဋေ လောက် သိရှိနိုင်ပြီး အဲ့ပမာဏက Hard Disk တစ်လုံးရဲ့ ပျမ်းမျှ အမြန်နှုန်းဖြစ်တဲ့ 12.5MB/s နဲ့ ပမာဏ တူညီပါတယ်။
 
( ဒီနေရာမှာ မှီငြမ်း အသုံးပြုထားတဲ့ Hard Disk က လေ့လာမှုတွေ လုပ်ခဲ့တဲ့ အချိန်က အသုံးပြုခဲ့တဲ့ IDE/ATA နည်းပညာသုံး Hard Disk တွေဖြစ်ပြီး ဒီနေ့ခေတ်အသုံးပြုတဲ့ SATA တို့၊ SSD တို့က သူထက် အနည်းဆုံး ၁၀ဆ နီးပါးလောက်မြန်ကြပါတယ် )
 
အရသာ အာရုံကတော့ ၁ စက္ကန့်ကို အချက်လက် “၁” သန်းလောက် ပေးပို့နိုင်ပြီး အဲ့ပမာဏက အိတ်ဆောင်ကွန်ပျူတာတစ်လုံးရဲ့ ပျမ်းမှ အမြန်နှုန်းဖြစ်တဲ့ 16B/s နဲ့ ပမာဏတူညီပါတယ်။
 
ဟာအချက်လက်တွေက များလိုက်တာ ဟုတ်ပါ့မလားဆိုရင်တော့ ကျွန်တော်တို့ အာရုံခံ အစိတ်ပိုင်းတွေက ပေးပို့တာရဲ့ ၀.၇ ရာခိုင်နှုန်း ကိုဘဲ အသိစိတ် က သိရှိတွက်ချက်နိုင်ပါတယ်။
 
အဲ့အတွက် MIT နဲ့ Cambridge ဦးနှောက်နှင့် အာရုံကြော ပညာရှင်တွေရဲ့ လေ့လာမှု စမ်းသပ်မှုတွေ အရတော့ စာတွေထပ်စာရင် ပုံတွေက ၁၅.၄ ဆ လောက်ပိုပြီး မြန်မြန်သိရှိနိုင်တယ်လို့ ပြောပါတယ်။
 
ဒါကြောင့်လဲ Report တွေမှာဆိုရင် စာတွေရေးတာထက် Infographic တွေ၊ Chart တွေက ပိုမို မြန်မြန်ဆန်ဆန်နဲ့ ဆက်သွယ်နိုင်တာဖြစ်ပါတယ်။
 
ဒါ့အပြင်ခုလို ၀.၇ ရာခိုင်နှုန်း ကိုဘဲ အသိစိတ်က သိတာဖြစ်တဲ့အတွက် မသိစိတ် ရဲ့လွှမ်းမိုးမှုက ဘယ်လောက်များနိုင်ပြီး စိတ်ယိမ်းယိုင်မှုမျက်ကွယ်( Bias Blind Spot) တွေ ဘယ်လောက်များနိုင်မယ်ဆိုတာ သတိပြုနိုင်ပါတယ်။
 

သတိပြုသင့်သည့် အချက်

ဒါပေမဲ့ ဒီနေရာမှာ Miller’s Law ရဲ့ ၁၉၅၆ ခုနှစ်မှာ တွေ့ ရှိမှုဖြစ်တဲ့ လူတွေဟာ တစ်ခါမှတ်ရင် “၇”ခုကို ၂ခုတိုး၊ ၂ခုလျော့သာမှတ်နိုင်တယ်ဆိုတာကို ပထမအချက်မှာသတိပြုသင့်သလို Nelson Cowan ရဲ့ ၂၀၁၀ မှာလေ့လာတဲ့ ပြင်ပလွှမ်းမိုးမှုတွေနဲ့ မှတ်မယ်ဆို “၄”ခုကို တစ်ခုတိုးတစ်ခုလျော့ သာမှတ်နိုင်တယ်ဆိုတာကို ဒုတိယအနေနဲ့ သတိပြုသင့်ပါတယ်။ ဒါကြောင့်လဲ ဖုန်းနံပါတ်တွေ၊ အကြွေးဝယ်ကဒ်နံပါတ်တွေကို ၄လုံးခြား တစ်ခါရေးတာဖြစ်ပါတယ်။
 
ဒါကတော့ အမြင်ပိုင်းဆိုင်ရာနဲ့ပတ်သတ်လို့ ဦးနှောက်က အလုပ်လုပ်တဲ့ အချက်တစ်ချို့ဘဲဖြစ်ပြီး Graphic Designer, UI/UX Designer, Web Designer, Interaction Designer တွေလို့အမြင်ပိုင်း အထူးပြုတဲ့ ဒီဇိုင်နာတွေ အပြင် စီးပွားရေးလုပ်ငန်းရှင်တွေအတွက်လည်း အကျိူး ရှိတဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်မယ်လို့ ထင်ပါတယ်။
 
အဆုံးထိဖတ်ရှုပေးတဲ့အတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ နောက်ကို ဒီထပ်ပိုပြီး အသုံးဝင်မဲ့ ဆောင်းပါးလေးတွေ မျှဝေပေးနိုင်အောင် ကြိုးစားသွားပါ့မယ်လို့ပြောရင် ဆောင်းပါးလေးကို ဒီနေရာမှာဘဲ အဆုံးသတ်လိုက်ပါတယ်ခင်ဗျ။
အသိပေးမှုရယူမယ်
အသိပေးပါ
0 Comments
Inline Feedbacks
View all comments
ချိတ်ဆက်မယ်

Deversity ကနေ အပတ်စဉ်မျှဝေပေးနေတဲ့ ဗဟုသုတရစေမဲ့ အကြောင်းရာတွေကို မိတ်ဆွေရဲ့ Email ကနေတစ်ဆင့်ပို့ပေးစေချင်တယ်ဆို မိတ်ဆွေ Email ကို အောက်မှာရှိတဲ့ ဖောင်လေးကို ဖြည့်ပြီး စာရင်းပေးနိုင်ပါတယ်။

လူမှုကွန်ယက်

Designed & Developed By Mhu Htet

© 2024 – Deversity Myanmar